Posts

Showing posts from August, 2018

မြန်မာတို့ဧ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက် ၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု ၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး ၄။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို ) ၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် ၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် ၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး ၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ ၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း ၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု ၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် ၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး ၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး ၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး ၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး ၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  ၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ...

ဗလာ

တစ်ခါ က ရန်ကုန်မြို့ လည်က ဈေးတစ်ခု မှာ အဖေ နဲ့  ပုဆိုးသွားဝယ်တော့ အဖေ က ငါ့ သား ကြိုက်တဲ့ အကွက်ရွေး ပြီးရင် ဘာတံဆိပ်လိုချင်လဲ ပြောလိုက်တဲ့ ကိုယ်က ငယ် ကလဲ ငယ် ကြွားလဲကြွားချင်တော့ နံမည်ကြီး ဘာတံဆိပ် ပေါ့ သိပ်မကြာဘူး ဂွပ်ဂွပ်ဂွပ် နဲ့  ခုန က ပုဆိုး က ဈေးကြီးတဲ့ တံဆိပ် ပုဆိုးဖြစ်သွားရော ဟာ တယ်ဟုတ်ပါလားပေါ့။ ဈေးနဲနဲ နဲ့  တန်ဖိုးကြီး ပုဆိုးတစ်တည်ရပြီပေါ့။ အဖေ က ပြော တယ် အဲ့ဒါ ဗလာ အထည်လို့ ခေါ်တယ်။ လိုအပ်ချက် အရ ပြောင်းလဲ သွားတာတဲ့။ အခုလဲ လူ ဗလာတွေ များတယ် ဘာတွေ hit ဖြစ်နေလဲ  အဲ့ဒီ အကြောင်းပဲ ပလူကို ပျံလို့  

သေပြီးနောက်

ရဟန်တာ မှ လွဲ၍ ကျန်တဲ့ ပုထုဇဉ် တွေ သေတဲ့ အခါ ကံ ၊ ကံမ နမိတ် နဲ့  ကတိ နမိတ်တွေ ပေါလာပါတယ်။ အပါယ်လေးပုံ ဖြစ်တဲ့  ငရဲ ၊ တရိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ပဲ ရောက်ရောက် လူ အဖြစ်ပဲ မွေးလာလာ နတ် အဖြစ် ပဲ မွေးလာလာ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စွမ်း မရှိတော့ပါဘူး။ သို့ ပေမယ့် သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာကတာ့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ပြိတ္တာအကြောင်း တစေ့တစောင်း

စာရေးသူ =   မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) #Copy #Credit ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည...