Posts

Showing posts from 2018

ရက်ရာဇာ ပြဿဒါး ရွေးနည်း

 (တ-မာ)၊(သက်-ရင်း)၊(အင်-ကြင်း)၊(ဆူး-ရစ်) လေးလစဉ်လစ် ပြဿဒါးတည်း။ ဥပမာ။   ။တန်ခူးလ (တ-မာ)စနေ-ကြာသားပတေး            ကဆုန်လ(သက်-ရင်း)သောကြာ- ဗုဒ်္ဓဟူး            နယုန်လ(အင်-ကြင်း)တနင်္ဂနွေ-တနင်္လာ           ၀ါဆိုလ(ဆူး-ရစ်)အင်္ဂါ- ဗုဒ်္ဓဟူး  ထိုအတိုင်း(၄)လစီယူသွားပါ။ ရက်ရာဇာရွှေးနည်း တန်ခူး (သာ-လှ) (ထွန်း-ပ) ကဆုန် နယုန် (ညွန့်-စ) (အောင်-လှ) ၀ါဆိုလ ၀ါခေါင်လ (သာ-လို) (မြ-တောင်) တော်သလင်း သီတင်း (ပွတ်-ဆီ) (အော်-ရီ) တန်ဆောင်မုန် (သံ-လုံး) နတ်တော် (မိ-နော်) ပြာသို (မိ-ညို) တပို့တွဲ (အဲ-၀င်) တပေါင်း ဆောင်တိုင်းကောင်းသည် ရက်ရာဇာတည်း။ ဆိုလိုသည်မှာ- ၁။တန်ခူးလ  သောကြာ-ဗုဒ်္ဓဟူး ၂။ကဆုန်လ  စနေ-ကြာသာပတေး ၃။နယုန်လ  အင်္ဂါ- ကြာသာပတေး ၄။ဝါဆိုလ  တနင်္ဂနွေ- ဗုဒ်္ဓဟူး ၅။ဝါခေါင်လ  သောကြာ- ဗုဒ်္ဓဟူး ၆။တော်သလင်းလ ကြာသာပတေး-စနေ ၇။သီတင်းကျွတ်လ ကြာသာပတေး-အင်္ဂါ ၈။တန်ဆောင်မုန်းလ  တနင်္ဂနွေ- ဗုဒ်္ဓဟူး ၉။နတ်တော်လ  သောကြာ- ဗုဒ်္ဓဟူး ၁၀။ပြာသိုလ ကြာသာပတေး-စနေ ရက်များကိုဆိုလိ...

မြန်မာတို့ဧ ပထမဆုံးများ

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက် ၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု ၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး ၄။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို ) ၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် ၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် ၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး ၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ ၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း ၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု ၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် ၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး ၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး ၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး ၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး ၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  ၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ...

ဗလာ

တစ်ခါ က ရန်ကုန်မြို့ လည်က ဈေးတစ်ခု မှာ အဖေ နဲ့  ပုဆိုးသွားဝယ်တော့ အဖေ က ငါ့ သား ကြိုက်တဲ့ အကွက်ရွေး ပြီးရင် ဘာတံဆိပ်လိုချင်လဲ ပြောလိုက်တဲ့ ကိုယ်က ငယ် ကလဲ ငယ် ကြွားလဲကြွားချင်တော့ နံမည်ကြီး ဘာတံဆိပ် ပေါ့ သိပ်မကြာဘူး ဂွပ်ဂွပ်ဂွပ် နဲ့  ခုန က ပုဆိုး က ဈေးကြီးတဲ့ တံဆိပ် ပုဆိုးဖြစ်သွားရော ဟာ တယ်ဟုတ်ပါလားပေါ့။ ဈေးနဲနဲ နဲ့  တန်ဖိုးကြီး ပုဆိုးတစ်တည်ရပြီပေါ့။ အဖေ က ပြော တယ် အဲ့ဒါ ဗလာ အထည်လို့ ခေါ်တယ်။ လိုအပ်ချက် အရ ပြောင်းလဲ သွားတာတဲ့။ အခုလဲ လူ ဗလာတွေ များတယ် ဘာတွေ hit ဖြစ်နေလဲ  အဲ့ဒီ အကြောင်းပဲ ပလူကို ပျံလို့  

သေပြီးနောက်

ရဟန်တာ မှ လွဲ၍ ကျန်တဲ့ ပုထုဇဉ် တွေ သေတဲ့ အခါ ကံ ၊ ကံမ နမိတ် နဲ့  ကတိ နမိတ်တွေ ပေါလာပါတယ်။ အပါယ်လေးပုံ ဖြစ်တဲ့  ငရဲ ၊ တရိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ပဲ ရောက်ရောက် လူ အဖြစ်ပဲ မွေးလာလာ နတ် အဖြစ် ပဲ မွေးလာလာ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်စွမ်း မရှိတော့ပါဘူး။ သို့ ပေမယ့် သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာကတာ့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ပြိတ္တာအကြောင်း တစေ့တစောင်း

စာရေးသူ =   မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) #Copy #Credit ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည...

ကမ္ဘာ ၅ မျိုး

(၁) သာရ ကမ္ဘာဘုရားတစ်ဆူသာ ပွင့်သောကမ္ဘာ၊ (၂) မဏ္ဍ ကမ္ဘာ- ဘုရားနှစ်ဆူပွင့်သောကမ္ဘာ၊ (၃) ဝရ ကမ္ဘာဘုရားသုံးဆူပွင့်သော ကမ္ဘာ၊ (၄) သာရ မဏ္ဍ ကမ္ဘာ- ဘုရား လေးဆူပွင့်သောကမ္ဘာ၊ (၅) ဘဒ္ဒကမ္ဘာ- ဘုရားငါးဆူပွင့်သောကမ္ဘာ၊ (၆) သုည ကမ္ဘာ- ဘုရားမပွင့်သောကမ္ဘာ။

မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ

၁။ နူးညံ့သော အသားအရေရှိသည်။ ၂။ မည်းနက်သော ကော့ညွတ်ရှည်လျားသည့် ဆံပင်ရှိသည်။ ၃။ ရွဲ၍ ကြည်လင်သော မျက်လုံးရှိသည်။ ၄။ မျက်တောင်ကော့သည်။  ၅။ မျက်ခုံးနက်သည်။  ၆။ ရင်စိုသည်။  ရ။ နှာတံပြေပြစ်သည်။  ၈။ နီမြန်းသော နှုတ်ခမ်း ပါးစပ်ရှိသည်။ ၉။ ပါး၍၀န်းသော မျက်လုံးရှိသည်။ ၁၀။ လည်တိုင်သေးသည်။ ၁၁။ လည်ရစ်သုံးတန်ရှိသည်။  ၁၂။ နူးညံ့သေးသွယ် ပြည့်တင်းနီမြန်းသော လက်ဖ၀ါးခြေဖ၀ါး ရှိသည်။  ၁၃။ ချစ်ဖွယ်သော ပီယ၀ါစာကား ပြောဆိုတတ်သည်။  ၁၄။ ဖြည်းညင်းနူးညံ့စွာ သွားလာတတ်သည်။  ၁၅။ အရှက်အကြောက်ကြီးသည်။  ၁၆။ စကားတိုးတိုးသက်သာ ပြောဆိုတတ်သည်။  မိန်းမတို့၏အလှဂုဏ်(၆)မျိုး  <<<<<<<<<>>>>>>>>>>  ၁။ အသားမဖြူလွန်းခြင်း  ၂။ အသားမညိုလွန်းခြင်း  ၃။ အရပ်မနိမ့်လွန်းခြင်း  ၄။ အရပ်မမြင့်လွန်းခြင်း  ၅။ မ၀လွန်းခြင်း  ၆။ မပိန်လွန်းခြင်း  မိန်းမတို့၏အင်အား  ®®®®®®®®®®®®®®®®®  ၁။ ရုပ်ရည်အဆင်း တင့်တယ်ခြင်း  ၂။ ပစ္စည်းဥစ္စာ ပြည့်စုံခြင်း  ၃။ ဆွေမျိုးပေါများခြင်း  ၄။ သားရတန...

ဗလ(၅)တန်

၁။  ကာယဗလ  = ခန္ဓာကိုယ်လက် ကျန်းမာကြံ့ခိုင် သန်းစွမ်းမှု ။ ၂။  ဥာဏဗလ  = အသိဥာဏ် ဖွံ့ဖြိုးတိုးတက်မှု ။ ၃။  စာရိတ္တဗလ  = ကိုယ်ကျင့်တရားကောင်းမွန်မှု ။ ၄။  ဘောဂဗလ  = စီးပွားရေး၊ ကြီးပွားရေး နားလည်မှု ။ ၅။  မိတ္တဗလ  = ပေါင်းသင်းဆက်ဆံတတ်မှု ။ ။

အပြစ်ခြောက်ပါး ကင်းလွတ်ရာ အရပ်

 မြင့်သောအရပ်  နိမ့်လွန်းသောအရပ်  နီးလွန်းသောအရပ် ဝေးလွန်းသောအရပ်  ရှေ့တည့်တည့်ဖြစ်သော အရပ်  လေဆန်ဖြစ်သောအရပ်များ ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့ အား ချဉ်းကပ်သော အခါ သတိထားရမယ့် နေရာများ ကို ဆိုလိုပါသည်။

ပဌာန်း ၂၄ ပစ္စည်း အနက် အဓိပ္ပါယ်

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်) အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်) အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်) အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ) သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။ (စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ) သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊ (ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို) အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော...