ကောင်းမှု (ဝါ) ကုသိုလ်
ကုသိုလ်
ဆရာတော် ဦးသုမင်္ဂလ သင်ပေးမှ သိခွင့် ရခဲ့တာ က
ကုသိုလ် ဆိုတာ ကာယကံ ၊ ဝစီကံ ၊ မနောကံ စတဲ့ ကံ ၃ ပါး နှင့် ပြု ကျင့် သမျှ အလုပ်အားလုံးမှာ လောဘ ၊ ဒေါသ ၊ မောဟ မပါ ခြင်း အလုပ် ကို ကုသိုလ် လို့ ဆိုလိုပါတယ်။
လူအများ သက်မှတ်ထား သည့် ကောင်းသော အရာများ အား ပြုလုပ်ရာတွင် ဖြစ်စေ၊ တွေးတောရာတွင်ဖြစ်စေ ဤ ကံ ၃ ပါးမှ လွတ်ကင်အောင် ပြုကျင့်ကြံ စောင် နိုင် ကြစေရန် ရည်ရွယ်၍ ရေးသား ရခြင်း ဖြစ်ပါဧ။
- လောဘ=တပ်မက်ခြင်း၊ကာမဂုဏ်အာရုံကို ငြိကပ်တပ်မက်ခြင်းသဘော။
လောဘသည် ကာမဂုဏ် အာရုံ ကိုတမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊တပ်မက်တွယ်တာ လိုချင်သည့် သဘောဖြစ်သည်။ သတ္တဝါတို့အား မည်သည့် အခါမျှ မရောင့်ရဲ မတင်းတိမ်စေဘဲ အာရုံသစ်များကို အမြဲ ရှာဖွေနေစေသည်။
- ဒေါသ=ပြစ်မှားခြင်း၊ခက်ထန်ကြမ်းတမ်းခြင်းသဘော။
ဒေါသနှင့်တူသော အပြစ်သည် မရှိဟူ၍ ဘုရားဟောထားသည်နှင့်အညီ ဒေါသသည် အဖျက်ဆီးတတ်ဆုံးသောတရားဖြစ်၏။ မြွေပွေးမြွေဟောက်နှင့်တူ၏။ တက်ကြွသော ဒေါသကသာဖျက်ဆီးတတ်သည်မဟုတ်။ ဆုတ်နစ်သော ဒေါသကြောင့်ဖြစ်သည့် စိတ်ပျက်ခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ငိုကြွေးခြင်း၊ စိတ်နှလုံးမသာယာခြင်း၊လွန်ကဲစွာပူဆွေးခြင်း တို့ကလည်း ကိုယ်စိတ်နှစ်ပါးကို ပျက်စီးစေသည်။
- မောဟ=တွေဝေခြင်း(မသိတတ်ခြင်း)၊အာရုံ၏သဘောမှန်ကို မသိခြင်း၊ဖုံးကွယ်ခြင်းသဘော။
မောဟသည် ရုပ်နာမ်သဘော၊ကံသဘော၊သစ္စာသဘော စသည်တို့ကို ဖုံးကွယ်ထားပြီး သတ္တဝါတို့အား အမှောင်တိုက်၌ ကျင်လည်စေသည်..။
Comments
Post a Comment